Home
အနုပညာ
ဂန္ထဝင်အဆိုတော်ကြီး ဒေါ်မာမာအေး၏ ဈာပနအခမ်းအနားကျင်းပ
DVB
·
January 28, 2024

ကွယ်လွန်သွားပြီဖြစ်တဲ့ ဂန္ထဝင်အဆိုတော် ဒေါ်မာမာအေးရဲ့ ဈာပနအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာ ဇန်နဝါရီ ၂၈ ရက် (ဒေသစံတော်ချိန် ဇန်နဝါရီ ၂၇  ရက် မွန်းလွဲပိုင်း) က ကျင်းပခဲ့ပါတယ်။

အသက် ၈၂ နှစ်အရွယ် ဒေါ်မာမာအေးဟာ ဇန်နဝါရီ ၈ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပြီး ကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်အလောင်းကို အမေရိကန်ပြည်ထောင်စုရောက်မြန်မာအသိုက်အဝန်းက နာရေးပို့ဆောင် မီးသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ဇာတိ အဆိုတော် ဒေါ်မာမာအေးကို ဖခင်နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း) တို့က ၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက "ခေတ်သစ် ရာဇဝင် ပြဇာတ်အဖွဲ့" မှာ သီချင်းဆို၊ ပြဇာတ်ကခဲ့ပြီး အသက် ၈ နှစ်အရွယ်မှာ စတင် အသံ လွှင့်ခဲ့ပါတယ်။

မြန်မာ့ဂီတလောကမှာ သက်တံပေါ်မှာ ကစားမယ်သီချင်းနဲ့ ကျော်ကြားခဲ့တဲ့ ဒေါ်မာမာအေးဟာ တရေးချစ်ခွင့်မြင်ရနိုး၊ မေ့ကွက်ကိုရှာစတဲ့သီချင်းတွေအပြင် ဂန္ထဝင်တွင်မယ့် သီချင်းအမြောက်အမြား၊ ဓာတ်ပြားတေးစုနဲ့ ရုပ်ရှင်တေးအယ်လ်ဘမ်ပေါင်း ၅၀ ကျော် ထွက်ရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024