Home
အားကစား
မြန်မာလိဂ်ချန်ပီယံ ရှမ်းအသင်း တောင်ကြီးကွင်းကို အိမ်ကွင်းအဖြစ် ပြန်လည်အသုံးပြုမည်
DVB
·
January 7, 2024

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းဟာ အရင်က အသင်းအိမ်ကွင်းအဖြစ် အသုံးပြုခဲ့တဲ့ တောင်ကြီးကွင်းကို လာမယ့်‌ ဘောလုံးရာသီမှာ အိမ်ကွင်းအနေနဲ့ ပြန်လည် လက်ခံကျင်းပသွားမယ်လို့ သိရပါတယ်။

ရှမ်းယူနိုက်တက်အသင်းဟာ တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်းကို ၂၀၁၉ ခုနှစ်က အိမ်ကွင်းပွဲစဥ်တွေ နောက်ဆုံး လက်ခံကျင်းပခဲ့တာပါ။

လာမယ့်နှစ်မှာ ယှဥ်ပြိုင်သွားရမယ့် ပြည်တွင်း အမှတ်ပေးပွဲစဉ်တွေနဲ့ အာရှ‌ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဘောလုံးပြိုင်ပွဲတွေမှာ ရလဒ်ကောင်းပိုင်ဆိုင်နိုင်ဖို့ အိမ်ကွင်း ပရိသတ် အခိုင်အမာရှိရာ တောင်ကြီးကွင်းကို အိမ်ကွင်းအနေနဲ့ ပြန်လည်ရွေးချယ် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရှမ်းယူနိုက်တက်အသင်းအနေနဲ့ လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှ စတင်ကာ လက်ရှိ အသုံးပြုနေတဲ့ ထောက်ကြန့်/ပုလဲလမ်းဆုံ လေ့ကျင့်ရေးကွင်းအစား ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ စလင်းအားကစားကွင်းကို အသင်းပိုင် လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုသွားမယ်လို့ အသင်းဘက်ကနေ စုံစမ်းသိရှိရပါတယ်။

ရှမ်းအသင်းဟာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံဆုကို ၅ ကြိမ်မြောက် ရရှိထားပြီး ၂၀၂၂၊ ၂၀၂၃ ရာသီတွေမှာ ရှုံးပွဲမရှိချန်ပီယံအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

Photo - Shan United FC

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024