မန်ချက်စတာယူနိုက်တက်အသင်းက နောက်တန်းသမား ဝမ်ဘစ်စကာကို နောက်ထပ် ၁ နှစ် စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့ ဗြိတိသျှမီဒီယာတွေမှာ ခန့်မှန်း ဖော်ပြနေပါတယ်။
ညာနောက်တန်းသမား ဝမ်ဘစ်စကာရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ ဒီနှစ်ရာသီအဆုံးမှာ သက်တမ်း ကုန်မှာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်က သူ့ကို အသင်းမှာ ၂၀၂၅ မတိုင်ခင်အထိ ဆက်ထိန်းထားဖို့ မျှော်နေတာပါ။ ဝမ်ဘစ်စကာဟာ လွန်ခဲ့တဲ့ ၅ နှစ်က တစ်ပတ်ကို လုပ်ခလစာ ပေါင် ၉၀,၀၀၀ နဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွေ့လာတာ ဖြစ်ပါတယ်။
မန်ယူအသင်းရဲ့ နောက်ခံလူ တစ်ယောက်ဖြစ်တဲ့ ဗာရန်းက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတာကြောင့် ဝမ်ဘစ်စကာကို သက်တမ်းတိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Photo-Reuters