Home
နိုင်ငံတကာ
ထရပ်ကားသမားများ၏ ဆန္ဒပြပွဲကို နှစ်မကုန်ခင် ဖြေရှင်းနိုင်မည်ဟု ပိုလန် ဝန်ကြီး ပြော
DVB
·
December 23, 2023

ယူကရိန်းနယ်စပ်မှာ ဝန်ကြီး ကလင့်မ်ဇက်ခ်နဲ့ သပိတ်ကော်မတီတို့ ဆွေးနွေးပြီးသွားရင် ထရပ်ကားသမားတွေရဲ့ ဆန္ဒပြပွဲတွေကို ဒီနှစ်မကုန်ခင်မှာ ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပိုလန်နိုင်ငံရဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ဒုတိယဝန်ကြီး ပါဝဲလ် ဂါးန်ကာ့ဇ် က ကိယက်ဗ်မြို့မှာ အစည်းအဝေးအပြီး ဒီဇင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။ 

ပိုလန်ယာဉ်မောင်းတွေဟာ နိုဝင်ဘာ ၆ ရက်ကတည်းက ယူကရိန်းနဲ့ နယ်စပ်ဖြတ်ကျော်ဂိတ် အများအပြားကို ပိတ်ဆို့ထားတာဖြစ်ပြီး ယူကရိန်းကုမ္ပဏီတွေကို ဥရောပသမဂ္ဂ အစုအဖွဲ့ထဲမှာ လုပ်ကိုင်ဖို့ ခွင့်ပြုချက်လိုအပ်ပြီး ဥရောပ ထရပ်ကားသမားတွေကိုလည်း ယူကရိန်းထဲ ဝင်ရောက်ဖို့ ခွင့်ပြုချက်လိုအပ်တဲ့စနစ်ကို ပြန်လည်ကျင့်သုံးဖို့ ဥရောပသမဂ္ဂကို တောင်းဆိုထားပါတယ်။

ပိုလန်ထရပ်ကားသမားတွေဟာ ခဏတာလောက် သပိတ်ရပ်နားခဲ့ပြီးနောက်မှာ အခု သီတင်းပတ်အတွင်း ယူကရိန်းနယ်စပ်ရှိ အဓိကဖြတ်ကျော်ဂိတ်တွေကို ပြန်လည် ပိတ်ဆို့ခဲ့ပါတယ်။ 

ပိုလန် အကောက်ခွန်ရုံးမှ အချက်အလက်တွေအရ ဒိုရိုဟပ်စ်ခ် နယ်စပ်ဂိတ်မှာ သောကြာနေ့အထိ ၇၈ နာရီကြာ စောင့်ဆိုင်းခဲ့ရကြောင်း သိရပါတယ်။ 

ပိုလန်နိုင်ငံခြားရေးဝန်ကြီး ရာဒိုစလော စီကော်စကီးက ကိယက်ဗ်မြို့ရှိ ပိုလန်သံရုံးမှာ ပြုလုပ်တဲ့ သီးခြားသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ နှစ်နိုင်ငံစလုံးဟာ ဒီနေ့ထက် အများကြီး ပိုလုပ်ရဖို့နဲ့ ဆိုးဆိုးရွားရွား လိုအပ်နေတဲ့ စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ သူတို့ရဲ့ ကာကွယ်ရေးကဏ္ဍ ကုမ္ပဏီတွေအတွက် နည်းလမ်းရှာကြမှာဖြစ်ကြောင်း ပြောသွားပါတယ်။ 

စီကော်စကီးဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇီလန်းစကီးနဲ့လည်း တွေ့ဆုံခဲ့ပြီး ဇီလန်းစကီးက ယူကရိန်းဟာ သူတို့ရဲ့ ဆက်ဆံရေးအခန်းကဏ္ဍသစ် ဖွင့်လှစ်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 

Source/Photo-REUTERS/Valentyn Ogirenko

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024