Home
နိုင်ငံတကာ
ကိုရမ်ကျမ်းကို မီးရှို့ပါက ထောင်ဒဏ် ၂ နှစ်အထိချနိုင်သည့်ဥပဒေ ဒိန်းမတ်လွှတ်တော် အတည်ပြု
DVB
·
December 8, 2023

အစ္စလာမ်ဘာသာဝင်တွေရဲ့ ကိုရမ်ကျမ်းကို အများပြည်သူနေရာတွေမှာ  မီးရှို့ ဆန္ဒပြတာ တရားမဝင်ကြောင်း ပြဋ္ဌာန်းထားတဲ့ ဥပဒေသစ်ကို ဒိန်းမတ်နိုင်ငံရဲ့  လွှတ်တော်က  ဒီဇင်ဘာ ၇ ရက်မှာ အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေသစ်ကို ချိုးဖောက်ရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်တယ်လို့ အစိုးရက ဆိုပါတယ်။

ဒိန်းမတ်နဲ့ ဆွီဒင်နိုင်ငံတို့မှာ အစ္စလာမ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေဟာ ကိုရမ်ကျမ်းစာအုပ်တွေကို မီးရှို့ဖျက်ဆီးပြခဲ့တာကြောင့် မွတ်ဆလင်တွေနဲ့ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ရပြီး နော်ဒစ်အစိုးရတွေအနေနဲ့ အဲဒီအလေ့အထကို တားမြစ်ပေးဖို့ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာခဲ့တာပါ။

ကိုရမ်ကျမ်းစာ မီးရှို့မှုတွေကြောင့် အစ္စလာမ်ဘာသာဝင်တွေရဲ့ တိုက်ခိုက်မှု ဖြစ်ပေါ်မှာကို စိုးရိမ်မှုတွေအကြား ဒိန်းမတ်အစိုးရဟာ ဘာသာရေးဝေဖန်ခွင့်နဲ့ အမျိုးသားလုံခြုံရေး အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို ဟန်ချက်ညီ မျှတအောင် ကြိုးပမ်းခဲ့ပါတယ်။

ကိုရမ်ကျမ်းကို မီးရှို့ခြင်း အပါအဝင် ဘာသာရေးကို ဝေဖန်ခြင်းဆိုင်ရာ ကန့်သတ်ချက်မှန်သမျှဟာ ဒေသတွင်းမှာ အပြင်းအထန် တိုက်ပွဲဝင်နေတဲ့ လစ်ဘရယ်လွတ်လပ်မှုကို ပျက်ပြားစေတယ် ဆိုပြီး ဆွီဒင်နဲ့ ဒိန်းမတ်ရှိ ပြည်တွင်းဝေဖန်ရေးသမားတွေက စောဒက တက်ခဲ့ကြပါတယ်။

ဒိန်းမတ်ရဲ့ ဗဟိုဝါဒီ ညွန့်ပေါင်းအစိုးရကတော့ စည်းမျဥ်းသစ်တွေဟာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် အနည်းငယ်သာ သက်ရောက်မှုရှိမှာဖြစ်ပြီး ဘာသာရေးကို တခြားနည်းတွေနဲ့ ဝေဖန်ခြင်းက တရားဥပဒေအတိုင်းပဲ ရှိနေမယ်လို့ ပြောပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024