Home
အားကစား
ရလဒ်ဆိုးရွားလာမှုနှင့်အတူ ပဲလေ့နည်းပြ ရွိုင်းဟော့ဆန် ထုတ်ပယ်ခံရရန် နီးစပ်လာ
DVB
·
December 8, 2023

အသင်းရဲ့ ရလဒ်ဆိုးရွားလာတာနဲ့အတူ ခရစ္စတယ်ပဲလေ့နည်းပြ ရွိုင်းဟော့ဆန်ဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်လာခဲ့ပါတယ်။

ပဲလေ့အသင်းဟာ နောက်ဆုံး ၈ ပွဲမှာ  ဘန်လေအသင်းကိုပဲ အနိုင်ရခဲ့ပြီး ၅ ပွဲရှုံး ၂ ပွဲသရေကျခဲ့တာပါ။

ဒီလိုရလဒ်ဆိုးရွားလာမှုတွေကြောင့် အဆင့် ၁၄ မှာ ရပ်တည်နေတဲ့ ပဲလေ့အသင်းဟာ နည်းပြရွိုင်းဟော့ဆန်ကို ထုတ်ပယ်ဖို့ စီစဉ်လာခဲ့ပြီဖြစ်ပါတယ်။

ဟော့ဆန် နေရာအတွက် နော်တင်ဟမ်ဖောရက်စ်နည်းပြ စတိဗ်ကူပါးနဲ့ သတင်းထွက်ပေါ်လာခဲ့သလို အစ်ဆွစ်ချ်နည်းပြ  မက်ကမ်နာနဲ့လည်း သတင်း ထွက်ပေါ်လာခဲ့တာပါ။

ပဲလေ့အသင်းဟာ မနှစ်ကရာသီကလည်း ၁၂ ပွဲ ဆက်တိုက်ရလဒ်မကောင်းခဲ့တဲ့ ပြင်သစ်နည်းပြ ဗီအဲရာကို ရာထူးကနေ ထုတ်ပယ်ခဲ့ဖူးပါတယ်။

ဟော့ဆန်ကို အလောတကြီး ထုတ်ပယ်ဖို့ မရှိသေးပေမဲ့ လာမဲ့ ပွဲစဉ်တချို့ရဲ့ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ချက် ချသွားဖို့ရှိပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024