မန်ယူနိုက်တက် တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ဟာ မာစီယယ်လို့ ကစားသမားဖြစ်လာပြီလို့ လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ဝေဖန်သွားပါတယ်။
နယူးကာဆယ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ကာရေဂါက ဝေဖန်ခဲ့ပြီး အသင်းရဲ့အင်္ဂလန်ကစားသမားတစ်ဦးအနေနဲ့ တခြားသူတွေထက်ပိုပြီး ဦးဆောင်နိုင်စွမ်းရှိရမှာဖြစ်ကြောင်း ဝေဖန်ခဲ့တာပါ။
ဒါ့အပြင် ရက်ရှ်ဖို့ဒ်ကို ကြည့်ရတာဟာ မာစီယယ်လိုကစားသမားကို သတိရမိစေပြီး ဒါက ဆိုးရွားတဲ့ကိစ္စဖြစ်ကြောင်း ကာရေဂါက ဝေဖန်ပါတယ်။
ကာရေဂါက “နိုင်ငံခြားသားကစားသမားတွေက အသင်းကိုဆွဲတင်ဖို့ စိတ်ကူးမရှိကြပါဘူး။ ရက်ရှ်ဖို့ဒ်ဟာ ပြည်တွင်းကစားသမားတစ်ဦးအနေနဲ့ တခြားသူတွေကို ဆွဲတင်ပေးနိုင်သူ ဖြစ်ဖို့လိုပါတယ်။ အသင်းအမှတ်တံဆိပ်နဲ့ ပရိသတ်တွေအတွက် ကြိုးစားမှုကို ရပ်ပစ်လိုက်လို့မဖြစ်ပါဘူး။ ခုတော့ ရက်ရှ်ဖို့ဒ်က မာစီယယ်လို့ ကစားသမားဖြစ်လာတယ်”လို့ ပြောပါတယ်။
စပါးအသင်းခေါင်းဆောင်ဆွန်ဟောင်မင်ရဲ့ ကြိုးပမ်းကစားပုံကို အတုယူသင့်ကြောင်းလည်း ကာရေဂါက ထောက်ပြသွားခဲ့ပါတယ်။
Photo - Reuters