ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုခွဲရာမှာ အသင်းကြီး တချို့နဲ့ရှောင်လွှဲနိုင်ခဲ့တဲ့အပေါ် ကျေနပ်ကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောသွားပါတယ်။
အင်္ဂလန်အသင်းဟာ မနေ့ညက ပြုလုပ်ခဲ့တဲ့ အုပ်စုခွဲဝေမှုမှာ ဒိန်းမတ်၊ ဆလိုဗေးနီးယား၊ ဆားဘီးယားအသင်းတွေနဲ့ အုပ်စု စီမှာ ကျရောက်ခဲ့ပါတယ်။
အင်္ဂလန်အသင်းအတွက် မခက်ခဲနိုင်တဲ့အုပ်စုအဖြစ် ကျွမ်းကျင်သူတွေက သုံးသပ်ခဲ့ကြပြီး နည်းပြဆောက်ဂိတ်ကလည်း အသင်းကြီးနှစ်သင်းလောက်နဲ့ ရှောင်လွှဲနိုင်ခဲ့တဲ့အပေါ် ကျေနပ်ကြောင်း သုံးသပ်ခဲ့တာပါ။
ဒါပေမဲ့ ဘောလုံးပွဲစဉ်တွေကို စာရွက်ပေါ်မှာ ကစားတာမဟုတ်ကြောင်း၊ ထိပ်တန်း အသင်းတစ်သင်း၊ နှစ်သင်းလောက်နဲ့ ရှောင်လွှဲနိုင်ခဲ့တာကိုတော့ ကျေနပ်မိပေမဲ့ အုပ်စုပြိုင်ဘက် တွေက လုပ်နိုင်စွမ်းထက်ပိုတဲ့ အသင်းတွေဖြစ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အင်္ဂလန် အသင်းဟာအဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားနဲ့ ဇွန်လ ၁၆ ရက်မှာ ဂျာမနီက ဂယ်ဆင်ကာချန်မြို့မှာ ကစားသွားရမှာဖြစ်ပါတယ်။
Photo - Reuters