မြောက်ကိုရီးယားနိုင်ငံရဲ့ သူလျှိုဂြိုဟ်တု လွှတ်တင်မှုဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ကို ကျင့်သုံးတာဖြစ်ပြီး ပြုံယန်းဟာ ကမ္ဘာပေါ်ရှိ ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်ကြောင်း ပြသတဲ့အနေနဲ့ ဒီပွဲကို ကျင်းပပေးတာလို့ ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။
ကင်မ်ဂျုံအန်းဟာ နိုဝင်ဘာ ၂၃ ရက်က အမျိုးသား အာကာသနည်းပညာ စီမံခန့်ခွဲမှုဌာနမှာ ပြုလုပ်တဲ့ အာကာသသိပ္ပံ ပညာရှင်တွေနဲ့ နည်းပညာရှင်တွေကို ချီးကျူးဂုဏ်ပြုပွဲမှာ ပြောကြားသွားတာပါ။
နိုဝင်ဘာ ၂၁ ရက်က ဒုံးကျည်ပစ်လွှတ်မှုဟာ ရန်လိုနေတဲ့တပ်တွေကို အန္တရာယ်များပြီး ခြိမ်းခြောက်တိုက်ခိုက်ချင်တဲ့ လှုပ်ရှားမှုတွေကို ရင်ဆိုင်ရာမှာ အမြင်ကျယ်သွားစေတဲ့ ဖြစ်ရပ် လို့လည်း ကင်မ်ဂျုံအွန်းက ပြောသွားပါတယ်။
ဝန်ကြီးချုပ် ဂင်မ်ဒေါ့ခွန်းကလည်း အဲဒီဂြိုဟ်တုဟာ မြောက်ကိုရီးယားစစ်တပ်အား တကမ္ဘာလုံးကို အထိရောက်ဆုံး တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးစစ်တပ်" ဖြစ်လာစေမယ် လို့ ပြောခဲ့ကြောင်းလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံး သူလျှိုဂြိုဟ်တုကို ကမ္ဘာပတ်လမ်းအတွင်း ထားရှိခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြောကြားလိုက်ပြီး ပဲ့ထိန်းဒုံးကျည်ပရိုဂရမ်တွေနဲ့ သက်ဆိုင်တဲ့ နည်းပညာ အသုံးပြုမှုကို တားမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်တဲ့အတွက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြပါတယ်။
Source/Photo-Reuters