Home
မြန်မာသတင်း
မဲဆောက်တွင် တရားမဝင်  မြန်မာ ၃၄ ဦးဖမ်းဆီးခံရ
DVB
·
November 21, 2023

ထိုင်းနိုင်ငံ၊ တော့ခ်ခရိုင်၊ မဲဆောက်မြို့အထွက်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၄ ဦးကို  နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ Daily News သတင်းဌာနမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမားအများအပြားကို ကားနဲ့တင်ဆောင်လာမယ်လို့ မြန်မာနိုင်ငံသားတဦးက သတင်းပေးလို့ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့နဲ့ ဖဝေါရဲတပ်ဖွဲ့တို့က မဲဆောက်မြို့အထွက် ယွေ့ယဥစစ်ဆေးရေးဂိတ်၊ မဲဆောက်-တာ့ခ်ကားလမ်း တလျှောက်နဲ့ ဘန်ဖကာနဲ့ ဆက်သွယ်ထားသော ဘန်ဟေးယာဥကျေးရွာရှိ သစ်တောအတွင်းတို့မှာ အဖွဲ့ ၃ ဖွဲ့ခွဲကာ နေရာယူ စောင့်ဆိုင်းနေခဲ့ကြတာပါ။

မနက် ၄ နာရီလောက်မှာ ယွေ့ယာဥစစ်ဆေးရေးဂိတ်ဘက်ကို ပစ်ကပ်ကား ၂ စီး မောင်းနှင်လာတာ တွေ့ရလို့ စစ်ဆေးခဲ့ရာ  ပထမကားမှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၅ ဦး၊ ဒုတိယကားမှာ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ တရားမဝင်မြန်မာနိုင်ငံသား ၁၉ ဦးတို့ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုင်းဆယ်ကျော်သက် ၄ ဦးက မြန်မာနိုင်ငံသား ၃၄ ဦးကို မြဝတီမှတဆင့် ဘန်ကောက်မြို့ကို အလုပ်သွားလုပ်နိုင်ဖို့ ပို့ဆောင်ပေးတာလို့ ဝန်ခံခဲ့ကြောင်း တာ့ခ်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းနိုင်ငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၃၄ ဦးတို့ကို ဖဝေါရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပြီး ဥပဒေနဲ့အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

Source/Photo - Daily News

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024