ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ဘရာဇီးနိုင်ငံ တောင်ပိုင်းမှာ မိုးသည်းလို့ ဒေသန္တရမြစ် တစင်း ရေလျှံခဲ့တဲ့အတွက် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၈ ရက်မှာ မိုးသည်းပြီးနောက် ရီယိုဂရန်ဒီ ဒိုဆူးလ်ပြည်နယ်က ခိုင်မြစ်ရေဟာ ဆောင် စီဘတ်စ်တီယာအို ဒိုခိုင်မြို့မှာ အမြင့် ၅၂ ဒသမ ၅ ပေ နီးပါးထိ ရောက်ခဲ့ပါတယ်။
ထောင်ချီတဲ့ ဒေသခံတွေကို ဘေးလွတ်ရာ အားကစားရုံနဲ့ ပန်းခြံတို့ဆီ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။ ရေကြီးမှုကြောင့် ဒေသခံတွေက အရာအားလုံးနီးပါး ဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့ဘဝတွေကို အစကနေ ပြန်စရလိမ့်မယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source/Photo-Reuters