မန်စီးတီးအသင်းမှာ လုပ်ခလစာ ၂ နှစ်မရရှိခဲ့တဲ့အပေါ် နောက်ခံလူမန်ဒီကတရားစွဲဆိုသွားမှာဖြစ် ပါတယ်။
ပြင်သစ်နောက်ခံလူဟာ အသက် ၂၄ နှစ်ရှိ အမျိုးသမီးတစ်ဦးအပေါ် အဓမ္မကျင့်မှုနဲ့ လိင်ပိုင်း ဆိုင်ရာစော်ကားမှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလကနေ စတင်ပြီး မန်စီးတီးက သူ့ကို လုပ်ခလစာ ပေးချေခြင်းမပြုတော့တာပါ။
အခုနှစ်အစောပိုင်းမှာတော့ မန်ဒီဟာ အမှုတွေကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ မန်ဒီဟာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းနဲ့ ၂၀၂၃ ခုနှစ် ဇွန်လအထိ အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိခဲ့တာပါ။
၂၀၂၁ စက်တင်ဘာလနောက်ပိုင်း လုပ်ခလစာမရရှိခဲ့တဲ့ပေါ် သင့်တော်တဲ့ ငွေကြေးပြန်လည်ရရှိဖို့ မန်ဒီရဲ့ ရှေ့နေတွေဘက်က တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။
Photo-Reuters