ယူကရိန်းဒေသအများအပြားမှာ နိုဝင်ဘာ ၁၇ ည ၈ နာရီကနေ နိုဝင်ဘာ ၁၈ ရက် မနက် ၄ နာရီ အတွင်း အီရန်လုပ် ရှဟိဒ် ဒရုန်းယာဉ် ၃၈ စင်းထဲက ၂၉ စင်းကို ပစ်ချနိုင်ခဲ့တဲ့အတွက် ယူကရိန်းသမ္မတ ဇလန်းစကီးက လေတပ်ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ မြောက်ပိုင်းက မြို့ရွာပေါင်း ၄၀၀ ကျော်မှာ ရုရှားမောင်းသူမဲ့ လေယာဉ်တွေက နေ့ချင်းညချင်း တိုက်ခိုက်တာတွေကြောင့် အခြေခံ အဆောက်အဦတွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။
“ခင်ဗျားတို့ရဲ့ တိကျမှုဟာ ယူကရိန်းအတွက် အသက်လို့ အဓိပ္ပါယ်ရပါတယ်" လို့ ဇလန်းစကီးက စနေနေ့ ညစဉ် ဗီဒီယိုမိန့်ခွန်းမှာ ပြောခဲ့ပါတယ်။
ကျနော်တို့ဟာ ဆောင်းရာသီနဲ့ နီးကပ်လေလေ၊ ရုရှားတွေရဲ့ တိုက်ခိုက်မှုတွေ ပိုမိုအားကောင်းလာ လေလေပဲလို့လည်း သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ရုရှားက ယူကရိန်းကို ရာနဲ့ချီတဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့လို့ အအေးဆုံးလတွေအတွင်း လျှပ်စစ်မီး၊ အပူဓာတ်နဲ့ ရေတွေ ပြတ်တောက်ခဲ့ပါတယ်။
Source/Photo-Reuters