အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာ ၁၇ ရက်မှာ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နောက်ဆုံး တွေ့ဆုံရင်း တရုတ်နဲ့ တခြား ပစိဖိတ်နိုင်ငံတွေနဲ့ လေးရက်ကြာ သံတမန်ရေး တွန်းအားပေးမှုကို နိဂုံးချုပ်အပြီး မက္ကဆီကို သမ္မတ အန်ဒရေ မန်နျူယယ် လိုပဲ့ဇ် အိုဘရဒေါနဲ့ တွေ့ဆုံပါတယ်။
သူတို့ချင်း မတွေ့မီ ဘိုင်ဒန်နဲ့ အိုဘရဒေါတို့ဟာ ရွှေ့ပြောင်းနေထိုင် သူတွေ ကိစ္စနဲ့ ဖန်တနော ဆေးဝါးတွေ မှောင်ခိုကုန်ကူးတဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပါတယ်။
ကျနော်တို့အတူ ရပ်တည်နေတာကို လုံခြုံရေး ပူးပေါင်းဆောင်ရွက်ချက်မှာ မြင်နိုင်ပါတယ်။
လက်နက်ရောင်းဝယ် ဖောက်ကားမှုကို တိုက်ဖျက်ရေး၊ အုပ်စုဖွဲ့ရာဇ၀တ်မှုတွေကို ကိုင်တွယ်ရေးနဲ့ ဖန်တနော အပါ အဝင် မူးယစ်ဆေး ဖြန့်ဖြူးမှု ကပ်ဘေးကြီးကို ကိုင်တွယ်ဖြေရှင်းဖို့ ကျွန်တော်တို့ တခုချင်း လုပ်နေပါတယ်လို့ ဘိုင်ဒန်က ပြောပါတယ်. လိုပဲ့ဇ် အိုဘရဒေါက အမေရိကန်-မက္ကဆီကို ဆက်ဆံရေး ကို လေးစားမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုအဖြစ် ဖော်ပြခဲ့ပြီး ဘိုင်ဒန်ကိုလဲ သူရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအတွက် ချီးကျူးခဲ့ပါတယ်။
ဘိုင်ဒန်ကို အိုဘရဒေါက "ထူးခြားတဲ့ သမ္မတ" နဲ့ "ယုံကြည်ချက်ရှိတဲ့သူ" လို့ ခေါ်ဆို ခဲ့ပါတယ်။
မျိုးရိုးဗီဇပြုပြင်ထားတဲ့ ပြောင်းဖူး စိုက်ပျိုးရေးကို ရပ်ဖို့ မက္ကဆီကိုရဲ့ ကြိုးပမ်းမှု အပါအဝင် ထင်ရှား တဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာတာပါ။
အမေရိကန် လယ်သမားတွေကို ထိခိုက်စေတဲ့ လုပ်ဆောင်ချက်နဲ့ မက္ကဆီကိုနိုင်ငံဆီ အမေရိကန်ရဲ့ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု တွေကို ပိတ်ဆို့ရေး ကြိုးပမ်းမှုတွေလဲ ဆွေးနွေးမယ့် ကိစ္စရပ်တွေထဲမှာ ပါခဲ့ပါတယ်။
အမေရိကန်နဲ့ မက်ဆီကို အစိုးရ ၂ ရပ်ကြား စီးပွားရေး ပေါင်းစည်းမှု ကြီးထွားလာတာနဲ့ အမျှ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ပိုဆိုးရွားလာနေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြ ပါတယ်။
Source/Photo-Reuters