တရုတ်နဲ့ ဂျပန်နိုင်ငံ နှစ်နိုင်ငံဆက်ဆံရေးအပေါ် ကတိကဝတ်တွေကို ထပ်လောင်း အတည်ပြုခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက နိုဝင်ဘာ ၁၆ ရက်က တရုတ်သမ္မတ ရှီကျင်းဖျင်နဲ့ ရှားရှားပါးပါးတွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာတွေကို ပြောပါတယ်။
ဆန်ဖရန်စစ္စကိုမှာ ကျင်းပနေတဲ့ အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေးရဲ့ ပြင်ပမှာ ကြာသပတေးနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ရာမှာ ခေါင်းဆောင် ၂ ဦး ဟာ ဂျပန်ပင်လယ်စာတွေအပေါ် တရုတ်နိုင်ငံရဲ့ တားမြစ်ပိတ်ပင်ထားမှုကိစ္စနဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင် တဦး တရုတ်မှာ ထိန်းသိမ်းခံထားရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
သိပ်မကြာလှသေးခင် သြဂုတ်လတုန်းက တိုကျိုဟာ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ သန့်စင်ထားပြီးသား ရေတွေကို ပင်လယ်ထဲကို စွန့်ထုတ်ဖောက်ချဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ဂျပန်ပင်လယ်စာတွေကို တရုတ်က တားမြစ်ထားတာကြောင့် ခီရှီဒါက တားမြစ်ချက်ကို ရုပ်သိမ်းဖို့ သမ္မတ ရှီကို ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အငြင်းပွား ဆန်ကာကူကျွန်းတွေနဲ့ ထိုင်ဝမ်အပေါ် တင်းမာမှုစတဲ့ ကိစ္စရပ်တွေအပေါ် အလေးအနက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောပါတယ်။
Source/Photo-Reuters