သီရိလင်္ကာသမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပတ်ဆာနဲ့ သူ့ရဲ့အစ်ကို ဝန်ကြီးချုပ်ဟောင်း မဟင်ဒါရာဂျာပတ်ဆာတို့ဟာ သီရိလင်္ကာနိုင်ငံရဲ့ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းဖြစ်အောင်လုပ်ခဲ့တဲ့ အစိုးရအရာရှိတွေထဲမှာပါတယ်လို့ သီရိလင်္ကာ ထိပ်တန်းတရားရုံးက နိုဝင်ဘာ ၁၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
သီရိလင်္ကာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ (TISL) က အရာရှိဟောင်း ၁၃ ဦးကိုလည်း ရာဂျာပက်ဆာ ညီအစ်ကိုတွေနဲ့အတူ တခြားလူတွေဟာ အကျပ်အတည်းအတွက် တာဝန်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။
သမ္မတနဲ့ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်သူ ရာဂျာပတ်ဆာ ညီအစ်ကိုနှစ်ဦး၊ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင်း နှစ်ဦးနဲ့ သမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်တို့ဟာ TISL ရဲ့ အသနားခံစာထဲမှာ အထင်ကရ အမည်စာရင်း ပေးခံရသူတွေထဲမှာ ပါခဲ့ပါတယ်။ ဝစ်ကရာမန်ဆင်းဂ်ကတော့ အကျပ်အတည်းကာလမှာ ဝန်ကြီးချုပ် ဖြစ်ခဲ့သူပါ။
ကာလကြာရှည် ဓာတ်အားပြတ်တောက်မှု၊ ငွေကြေးဖောင်းပွနှုန်း မြင့်တက်မှု၊ ငွေတန်ဖိုး ကျဆင်းမှုနဲ့ ဆယ်စုနှစ် ၇ ခုအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် စံချိန်တင် အတိုးနှုန်း မြင့်တက်မှုတွေကြောင့် သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးဟာ မနှစ်က ၇ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
Source/Photo-Reuters