Home
မြန်မာသတင်း
ကသာတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေးအဘွား ၂ ဦး သေဆုံး
DVB
·
November 14, 2023

စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ နိုဝင်ဘာ ၁၃ ရက် ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မြေးအဘွားနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကသာမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၀၉ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမှတ် ၅ ရပ်ကွက်က နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲပြီး မြေးအဘွားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “လူတွေလည်း အိပ်နေကြတဲ့အချိန် ည ၁၁ နာရီလောက် လက်နက်ကြီးနဲ့ ထပစ်နေတာ။ တိုက်ပွဲလည်း ဖြစ်တာမရှိဘူး။ အဲ့ဒါ ၅ ရပ်ကွက်ထဲက နေအိမ်ပေါ် လက်နက်ကြီးကျည် ကျတယ်။ အိမ်ထဲအိပ်နေတဲ့ မြေးအဘွားနှစ်ဦး သေသွားတယ်” လို့ ပြောပါတယ်။

ခြေမြန်တပ်ရင်း ခမရ ၃၀၉ က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမှတ် ၅ ရပ်ကွက်က အသက် ၇၀ ကျော် အဘွားအိုတဦးနဲ့ အသက် ၁၂ နှစ်အရွယ် မြေး(မိန်းကလေး)တဦး လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့တာပါ။

နိုဝင်ဘာ ၆ ရက်က ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ ရဲစခန်း အပါအဝင် အခြေခံပညာကျောင်းတွေ၊ ဌာနဆိုင်ရာရုံးတွေ ပိတ်ထားပြီး Non CDM ဝန်ထမ်းတွေနဲ့ ကသာမြို့ ဒေသခံ အတော်များများဟာ တခြားမြို့နယ်တွေကို ရွှေ့ပြောင်းနေထိုင်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024