ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နဲ့ ကုလသမဂ္ဂ လုပ်ဖော်ကိုင်ဘက်တွေဟာ ဂါဇာမှာ အောက်တိုဘာလကစခဲ့တဲ့ အစ္စရေးနဲ့ ဟားမတ်စ်စစ်ပွဲ နောက်ပိုင်း ဂါဇာမှာ သေဆုံးခဲ့တဲ့ ကုလသမဂ္ဂဝန်ထမ်း ၁၀၁ ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုဝင်ဘာ ၁၃ ရက်က တမိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့ကြပါတယ်။
ဒါဟာ သက်တမ်း ၇၈ နှစ်ရှိပြီဖြစ်တဲ့ ကုလသမဂ္ဂသမိုင်းမှာ လူသားချင်းစာနာမှုဆိုင်ရာ လုပ်သားတွေ အများဆုံး သေဆုံးတဲ့စစ်ပွဲ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ အစ္စရေးနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်မှုမှာ ဝန်ထမ်းတချို့ဟာ မုန့်စားဖို့ တန်းစီနေချိန် သေဆုံးခဲ့သလို တခြားဝန်ထမ်းတွေက မိသားစုနဲ့အတူ သူတို့အိမ်တွေမှာ ရှိနေချိန်မှာ သေဆုံးသွားတယ်လို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ (UNRWA) က ပြောပါတယ်။
ဂါဇာစစ်ပွဲမတိုင်ခင် ကုလသမဂ္ဂ အကူအညီပေးရေး လုပ်သားတွေအတွက် အသေအပျောက်အများဆုံး ပဋိပက္ခကတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တာပါ။
၂၀၁၁ ခုနှစ်က နိုင်ဂျီးရီးယားနိုင်ငံမှာ အစ္စလာမ္မစ်သူပုန်ထမှုအတွင်း ကုလသမဂ္ဂရဲ့ အဘူဂျာရုံးကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၄၆ ဦး သေဆုံးခဲ့ပါတယ်။
Source/Photo-Reuters