Home
အားကစား
ဥရောပခြေစစ်ပွဲအောင်မြင်ရန် အစ္စရေးနည်းပြ မျှော်လင့်
DVB
·
November 14, 2023

အစ္စရေးအသင်းဟာ နိုင်ငံမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ လျစ်လျူရှုမထားနိုင်ပေမဲ့ ၂၀၂၄ ဥရောပခြေစစ်ပွဲ အောင်နိုင်ရေးကိုတော့ မျှော်လင့်နေဆဲလို့ အစ္စရေးနည်းပြက ပြောကြားလိုက်ပါတယ်။

အစ္စရေးအသင်းဟာ ယူရိုခြေစစ်ပွဲအဖြစ် တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကိုဆိုဗိုနဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဖြစ်သူက အခုလို ပြောဆိုခဲ့တာပါ။

ဒီပွဲစဉ်ဟာ အောက်တိုဘာ ၇ ရက် ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်ခံရမှုဖြစ်စဉ်နောက်ပိုင်း ပထမဆုံးအကြိမ် ကစားရတဲ့ပွဲလည်း ဖြစ်ပါတယ်။

အစ္စရေးအသင်းဟာ ခြေစစ်ပွဲစဉ် အုပ်စုအဆင့်မှာ ၇ ပွဲကစား ၁၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ၈ ပွဲကစားထားတဲ့ ကိုဆိုဗိုနိုင်ငံအသင်းထက် ၁ မှတ်အသာ ရရှိထားတာပါ။

အစ္စရေးအသင်းဟာ ၁၉၉၄ ခုနှစ်မှာ UEFA အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီးနောက် ပထမဆုံးအကြိမ် ယူရိုပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ မျှော်လင့်ထားတာပါ။

နိုင်ငံအသင်းအနေနဲ့ နောက်ထပ် ခြေစစ်ပွဲ ၂ ပွဲ ထပ်မံကစားဖို့ ရှိနေပြီး နိုဝင်ဘာ ၁၅ ရက်နေ့ ဟန်ဂေရီမှာ ဆွစ်ဇာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက် ၃ ရက်အကြာမှာ ရိုမေးနီးယားနဲ့ ထပ်မံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ခြေစစ်ပွဲစဉ်အုပ်စုထဲမှာ ရိုမေးနီးယားက ၈ ပွဲကစား ၁၆ မှတ်နဲ့ ဦးဆောင်နေပြီး ဆွစ်ဇာလန်က ၇ ပွဲကစား ၁၅ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024