Home
မြန်မာသတင်း
ရသေ့တောင်အခြေစိုက် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်
DVB
·
November 14, 2023

ရခိုင်ပြည်နယ် ရသေ့တောင်အခြေစိုက် ချိန်ခါလီ နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) ပါတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာ ၁၄ ရက် ဒီမနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ထုတ်ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်တပ်တွေနဲ့ Operation 1027 အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရသေ့တောင် အပါအဝင် နေရာ ၅ နေရာမှာ နိုဝင်ဘာ ၁၃ ရက်ကစလို့ တိုက်ပွဲတွေ စဖော်ဆောင်ပြီးနောက် ဒီနေ့မနက် ၇ နာရီလောက်မှာ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်လိုက်တာပါ။

အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ထိခိုက်တဲ့အခြေအနေ အသေးစိတ်တော့ မသိရသေးပါဘူး။

လက်ရှိ ရခိုင်ပြည်နယ်တိုက်ပွဲတွေကြောင့် မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ကုန်စျေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး စာသင်ကျောင်းတွေပါပိတ်ထားရကာ စစ်တပ်ကလည်း ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းတွေကို ပိတ်ထားတဲ့အပြင် စစ်တွေမြို့မှာ ညမထွက်ရအမိန့်ပါ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ မနှစ် နိုဝင်ဘာ ၂၆ ရက်က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ အပစ်ရပ်ပြီးနောက်ပိုင်း တနှစ်မပြည့်မီ ၂ ပတ်လောက်အလိုမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024