ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးရဲ့ သွေးထွက်သံယို “မူးယစ်ဆေးဝါးစစ်ပွဲ”ကို ပြင်းပြင်းထန်ထန် ဝေဖန်သူ အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးကို ဖိလစ်ပိုင် တရားရုံးက နိုဝင်ဘာ ၁၃ ရက်မှာ အာမခံပေးခဲ့ပါတယ်။
သူဟာ ဒီအမှုအတွက်အပြစ်မရှိဘူးလို့ အမြဲတမ်း ငြင်းဆိုခဲ့ပေမဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရတာပါ။
ဒူတာတေးရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မူးယစ်ဆေးဆန့်ကျင်ရေးလှုပ်ရှားမှုကို ၂၀၁၇ ခုနှစ်မှာ အထက်လွှတ်တော်အတွင်း စတင်စစ်ဆေးပြီးတဲ့နောက် အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ လွှတ်တော်အမတ် လေးလာဒယ်လီမာဟာ စွဲချက်အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒူတာတေးရဲ့ မူးယစ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွင်း သုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေ ထောင်ပေါင်းများစွာဟာ ရဲတွေက သတ်ဖြတ်တာခံရတာ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်တဲ့ အခြေအနေတွေမှာ သတ်ဖြတ်ခံ ခဲ့ရတာတွေ ကြုံခဲ့ရပါတယ်။
၂၀၂၂ ခုနှစ်မှာ သမ္မတ သက်တမ်းကုန်ဆုံးခဲ့တဲ့ ဒူဒါတေဟာလီမာက တရားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပူးပေါင်းခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားဖို့ ပူးပေါင်းကြံစည်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။
ဒေလီမာနဲ့ ပတ်သက်ပြီး အမှု ၃ ခုထဲက နှစ်ခုကို ပယ်ချခဲ့ပါတယ်။ ကျန်းမာရေးအရ စောင့်ဆိုင်းနေတဲ့ အမှုတစ်ခုအတွက် သူက အာမခံပေးဖို့ တောင်းဆိုခဲ့ပြီး တရားရုံးက တနင်္လာနေ့မှာ ခွင့်ပြုပေးခဲ့ပါတယ်။
Source/Photo-Reuters