Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာအလုပ်သမား  ၁ ဦး ကျားကိုက်ခံရပြီး သေဆုံး
DVB
·
November 13, 2023

မလေးရှားနိုင်ငံ၊ ကန်ပန်မိုရီတိုရှိ ရော်ဘာခြံထဲမှာ မြန်မာနိုင်ငံသားတယောက် နိုဝင်ဘာ ၁၁ ရက်က ကျားကိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ မလေးရှားရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်ကို The Straits Times မှာ ‌ဖော်ပြပါတယ်။

အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား အာကာစိုးဟာ ဇနီးဖြစ်သူနဲ့အတူ ကန်ပန်မိုရီတိုရှိ ရော်ဘာခြံထဲမှာ ရော်ဘာခြစ်နေစဉ် မွန်းလွဲ ၁ နာရီခွဲခန့်က လည်ပင်းအနောက်ဘက်ကို ကျားကိုက်ခံခဲ့ရပါတယ်။

ကျားကိုက်ခံရတဲ့ အာကာစိုးကို ဇနီးသည်နဲ့ မြန်မာနိုင်ငံသား ၄ ဦးက ဆေးရုံပို့‌ဆောင်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ပြီး သေဆုံးခဲ့ပါတယ်။

‌မလေးရှားရဲမှူး ဆစ်ချွန်းဖူးက “အလောင်းကို စစ်ဆေးခဲ့တဲ့ရလဒ်တွေအရ ကျားကိုက်ခံရတဲ့ ဒဏ်ရာကြောင့် သွေးထွက်လွန်ပြီး သေဆုံးခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းစစ်‌ဆေးနေပါတယ်။

မလေးရှားတောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်ဌာနကလည်း ကျားများဖမ်းယူဖို့ ကင်မရာတွေနဲ့ ထောင်ချောက်တွေ တပ်ဆင်ထားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်ကလည်း ကျားကိုက်ခံရတယ်လို့ ယူဆရတဲ့ အင်ဒိုနီးရှား အမျိုးသားတဦးရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ တွေ့ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Source/Photo-The Straits Times

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024