Home
မြန်မာသတင်း
စစ်အုပ်ချုပ်ရေး (မာရှယ်လော) ကြေညာထားသည့် - ၅၅ မြို့နယ်
DVB
·
November 13, 2023

၁၀၂၇ စစ်ဆင်ရေး အရှိန်မြင့်လာနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ၈ မြို့နယ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ စစ်ကောင်စီက မာရှယ်လော ထပ်မံကြေညာခဲ့တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံတဝန်း မာရှယ်လောကြေညာထားတဲ့ မြို့နယ်စုစုပေါင်း ၅၅ မြို့နယ် ရှိသွားပြီ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးစ ၂၀၂၁ မတ်လနဲ့ မေလတို့မှာ ရန်ကုန်တိုင်း ၆ မြို့နယ်နဲ့  ချင်းပြည်နယ်၊ မင်းတပ်မြို့တို့ကို မာရှယ်လော စတင်ကြေညာခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက ၁၄ မြို့နယ် အပါအဝင် မြို့နယ်ပေါင်း  ၄၀  ကို ၂ ကြိမ်ခွဲပြီး မာရှယ်လော ထပ်မံထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ ကရင်၊ ကရင်နီ၊ မွန်၊ တနင်္သာရီ စတဲ့ ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ်တချို့မှာလည်း စစ်အုပ်ချုပ်ရေး ကြေညာထားတာ ဖြစ်ပါတယ်။

မာရှယ်လောကြေညာထားတဲ့ မြို့နယ်တွေကတော့…

စစ်ကိုင်းတိုင်း (၁၄ မြို့နယ်)

ကောလင်း၊ ခင်ဦး၊ ဆားလင်းကြီး၊ တန့်ဆည်၊ ပင်လည်ဘူး၊ ပုလဲ၊ ဗန်းမောက်၊ မြောင်၊ ယင်းမာပင်၊ ရွှေဘို၊ ရေဦး၊ ဝက်လက်၊ အင်းတော်၊ အရာတော်မြို့နယ်။

ရှမ်းပြည်မြောက်ပိုင်း (၈ မြို့နယ်)

ကွတ်ခိုင်၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ သိန္နီ။

ရန်ကုန်တိုင်း (၆ မြို့နယ်)

ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မြောက်ဥက္ကလာပ၊ ရွှေပြည်သာ၊ လှိုင်သာယာ။

ပဲခူးတိုင်း (၅ မြို့နယ်)

နတ်တလင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ အုတ်ဖို၊ ထန်းတပင်။

ချင်းပြည်နယ် (၈ မြို့နယ်)

ကန်ပက်လက်၊ တွန်းဇန်၊ တီးတိန်၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ဟားခါး။

မကွေးတိုင်း (၅ မြို့နယ်)

ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက်၊ မြိုင်။

ကရင်နီ (ကယား) ပြည်နယ် (၄ မြို့နယ်)

ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော။

တနင်္သာရီ (၂ မြို့နယ်)

တနင်္သာရီ၊ ပုလော။

ကရင် (၂ မြို့နယ်)

ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်။

မွန် (၁ မြို့နယ်)

ရေးမြို့နယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024