ရခိုင်ပြည်နယ်၊ မောင်တော-အငူမော်-စစ်တွေ ကားလမ်းအား နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ပိတ်လိုက်တာကြောင့် ကုန်စျေးနှန်းတက်လာမှာကိုစိုးရိမ်ပြီး မောင်တောမြို့က ပြည်သူတွေ စားသောက်ကုန်တွေ အလုအယက်ဝယ်ယူနေကြတယ်လို့ သိရပါတယ်။
ဒေသခံတဦးက "မနေ့က ကြက်သွန်နီ ၁ ပိဿာကို ၅,၀၀၀ ကနေ ၆,၀၀၀ ဖြစ်သွားတယ်။ ကြက်သွန်ဖြူ ၁ ပိဿာကို ၁၈,၀၀၀ အထိ မြင့်တက်သွားတယ်။ အနာဂတ် စားဝတ်နေရေး အခက်အခဲကို စိုးရိမ်ရတယ်။ တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာ ကျမတို့ မပြောနိုင်ပါဘူး" လို့ ပြောပါတယ်။
မောင်တော-အငူမော်ကားလမ်းရှိ ချိန်ခါလီနဲ့ ဒုံးပိုက်စခန်းအား ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၃ ရက် မနက် ၅ နာရီက စတင်ဝင်တိုက်ခိုက် သိမ်းပိုက်လိုက်တာကြောင့် မောင်တော-အငူမော်-စစ်တွေလမ်းအား အကန့်အသတ်မဲ့ပိတ်လိုက်တာလည်း ဖြစ်ပါတယ်။