Home
အားကစား
ချဲလ်ဆီးနှင့်ပွဲတွင် ဂျွန်စတုန်း ပါဝင်ကစားနိုင်မည်မဟုတ်ဟု မန်စီးတီးနည်းပြပြော 
DVB
·
November 12, 2023

မန်ချက်စတာစီးတီးအသင်းဟာ ဒီကနေ့ည ယှဉ်ပြိုင်ရမယ့် ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂျွန်စတုန်း ပါဝင်ကစားနိုင်မှာ မဟုတ်ပေမဲ့ သူ့ရဲ့ ဒဏ်ရာက ပထအကြိမ်တုန်းကလိုမျိုး ပြင်းထန်တဲ့ ဒဏ်ရာမျိုး မဟုတ်ဘူးလို့ နည်းပြ ဂွါဒီယိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မန်စီးတီးနဲ့ ပွဲစဉ် ၁၁ ပွဲအထိ ဒဏ်ရာကြောင့် ပါဝင်မကစားနိုင်ခဲ့တဲ့ စတုန်းဟာ အောက်တိုဘာ ၇ ရက်တုန်းက ကစားခဲ့တဲ့ ရန်းဘွိုင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားလာနိုင်ပေမဲ့ လူစားလဲခံခဲ့ရတာပါ။

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းဟာ ပရီးမီးယားလိဂ်ထိပ်ဆုံးမှာ ရမှတ် ၂၇ မှတ်နဲ့ စပါးအသင်းရဲ့အထက် ၁ မှတ်အသာနဲ့ ဦးဆောင်နေပါတယ်။

ချဲလ်ဆီးအသင်းကတော့ စပါးအသင်းကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၀ နေရာကို ရောက်ရှိလာပါတယ်။ 

Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024