ဗြိတိန်နိုင်ငံ လန်ဒန်မြို့လယ်မှာ နိုဝင်ဘာ ၁၁ ရက်က ပါလက်စတိုင်းလိုလားတဲ့ ချီတက်ဆန္ဒပြမှုကို ဆန့်ကျင်တဲ့ တန်ပြန် ဆန္ဒပြသူအုပ်စုဝင် ၈၂ ဦးကို နိုဝင်ဘာ ၁၁ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဗြိတိန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ငြိမ်းချမ်းရေးကို ချိုးဖောက်ခြင်းကနေ ဟန့်တားဖို့ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ချီတက်ပွဲကို ဆန့်ကျင်တဲ့ လက်ယာစွန်းအုပ်စုတွေဟာ လန်ဒန်မြို့လယ်မှာ သိသာ ထင်ရှားတဲ့ အရေအတွက် ရှိနေတယ်လို့ ရဲက ပြောပါတယ်။
လွှတ်တော်တွေနဲ့ ဝက်စ်မင်စတာရပ်ကွက်တို့နားက ဆယ်နိုတက်ပ် စစ်ပွဲ အောက်မေ့ဖွယ် အထိမ်းအမှတ်နားမှာ လက်ယာ စွန်း အုပ်စုတွေနဲ့ အရာရှိတွေ ထိပ်တိုက်တွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လမ်းတွေပေါ်က တင်းမာမှုတွေကို အစီရင်ခံ တုန့်ပြန်ဖို့ မြို့အနှံ့ ဖြန့်ကျက် တာဝန်ချထားတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ အရာရှိတွေနဲ့ ရဲကားတွေ ကို လက်ယာစွန်း ဆန္ဒပြသူတွေက ပုလင်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။
Source/Photo-Reuters