Home
နိုင်ငံတကာ
ပါလက်စတိုင်းပြည်သူများအတွက် နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေ 
DVB
·
November 11, 2023

ပါလက်စတိုင်းလူမျိုးတွေဟာ နိုင်ငံတကာ ကာကွယ်စောင့်ရှောက်မှုကို လိုအပ်နေတယ်လို့ ပါလက်စတိုင်း ဝန်ကြီးချုပ် မိုဟာမဒ်ရှတဲယာက  နိုဝင်ဘာ ၉ ရက်က ပါရီမှာ ပြုလုပ်တဲ့ အကူအညီပေးရေးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးတောင်ပိုင်းမှာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက မြေပြင်နဲ့ လေကြောင်းထိုးစစ်တွေ စတင်ခဲ့ချိန်ကတည်းက ဂါဇာကမ်းမြောင်ဒေသရှိ ဒဏ်ရာရသူတွေကို ဘယ်လိုကူညီရမလဲ အကဲဖြတ်ဖို့နဲ့ အကူအညီတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်တဲ့ ပါရီမြို့ ကွန်ဖရင့်တခုမှာ ဝန်ကြီးချုပ် ရှတဲယာ က ပြောကြားခဲ့တာပါ။

အစ္စရေးဟာ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်နေပြီး စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်နေတယ်လို့ သူက ပြောပါတယ်။

အစ္စရေးက ဟားမတ်စ်ကို စစ်တိုက်နေတာ မဟုတ်ဘဲ ပါလက်စတိုင်းအားလုံးကို တိုက်ခိုက်နေတာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက်ရှတဲယာက “စစ်ပွဲရပ်ဖို့ ပါလက်စတိုင်း ဘယ်နှယောက် သေပေးနေရမလဲ။ တစ်နာရီကို ကလေး ၆ ယောက်ဆို လုံလောက်မလား။ တနာရီတိုင်း အမျိုးသမီး ၄ ယောက် အသတ်ခံရရင် လုံလောက်ပါသလား။ ရက်ပေါင်း ၃၀ အတွင်း လူ တစ်သောင်းလောက် သေဆုံးပေးရင် လုံလောက်ပါပြီလား”လို့ ပြောသွားတာပါ။

ပါလက်စတိုင်း ပြည်သူတွေအတွက် နာကျင်မှုလမ်းကြောင်းဟာ အောက်တိုဘာ ၇ ရက် ကတည်းက စတင်ခဲ့တာ မဟုတ်ပါဘူး။ ဒုက္ခသည်စခန်းတွေနဲ့ လူစုလူဝေးတွေမှာ၊ အနောက်ဘက်ကမ်းနဲ့ ဂျေရုဆလင်တို့မှာ၊ အခု ဂါဇာကမ်းမြောင်မှာ အဝိုင်းခံထားရပြီး စစ်တိုက်ခံနေရလို့ နာကျင်မှုတွေ ခံစားနေရတာဟာ သက်တမ်း ၇၅ နှစ် ကြာခဲ့ပါပြီလို့လည်း ပါလက်စတိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

အနောက်ဘက်ကမ်း၊ ဂါဇာနဲ့ ဂျေရုဆလင်တို့က ပါလက်စတိုင်းလူမျိုးတွေဟာ နိုင်ငံတကာ အကာအကွယ်ကို လိုအပ်နေပါတယ် လို့ ပြောသွားပါတယ်။

Source/Photo-Reuters 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024