ရှက်တာဒိုးနက်အသင်းကို ရှုံးနိမ့်တာဟာ မိမိရဲ့ဘာစီလိုနာနည်းပြဘဝ ၂ နှစ်တာကာလအတွင်း အဆိုးရွားဆုံးရှုံးပွဲဖြစ်တယ်လို့ ဘာစီလိုနာနည်းပြ ဇာဗီက ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ ဘာစီလိုနာအသင်းက ရှက်တာဒိုးနက် အသင်းကို အဝေးကွင်းမှာ (၀-၁) ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဘာစီလိုနာအသင်းအနေနဲ့ အဲဒီပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမဲ့ ဂိုးပေါက်ကန်သွင်းမှု ၁၃ ကြိမ်မှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပါတယ်။
ရှက်တာဒိုးနက်အသင်းကတော့ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ဆီကန်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ဘာစီလိုနာအသင်းကို အနိုင်ရခဲ့တာပါ။
ဘာစီလိုနာနည်းပြ ဇာဗီကတော့ ရှက်တာဒိုးနက်ကို ရှုံးနိမ့်တဲ့အတွက် ဆင်ခြေပေးစရာမရှိကြောင်းနဲ့ မိမိရဲ့ဘာစီလိုနာနည်းပြဘဝမှာ အဆိုးရွားဆုံးပွဲဖြစ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
Photo-Reuters