Home
မြန်မာသတင်း
မလေးရှားတွင် အပန်းဖြေစခန်း အဆောက်အဦပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦး ပိတ်မိနေ
DVB
·
November 9, 2023

မလေးရှားနိုင်ငံ၊ ပါဟန်တီရန်ကျွန်း အပန်းဖြေစခန်းမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့မနက်ပိုင်းက ဆောက်လက်စ အဆောက်အဦ ပြိုကျပြီး မြန်မာအလုပ်သမား ၄ ဦး အသက်ရှင်လျက် ပိတ်မိနေတယ်လို့  Malay Mail သတင်းမှာ ဖော်ပြပါတယ်။

ပါဟန်တီရန်ကျွ‌န်းမှာရှိတဲ့ အပန်းဖြေစခန်းရဲ့ ဆောက်လက်စ အ‌ဆောက်အဦတခုဟာ ဒီနေ့မနက် ၉ နာရီက ပြိုကျခဲ့ပြီး ပြိုကျမှုထဲမှာ မြန်မာအလုပ်သမား ၄ ဦးလည်း ပါဝင်သွားပြီး အသက်ရှင်လျက် မြေမြှုပ်ခံရမှာကို စိုးရိမ်နေတယ်လို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။

တီရန်ဂန် မီးသတ်နဲ့ ကယ်ဆယ်ရေးဌာန (JBPM) လက်ထောက်ညွှန်ကြားရေးမှူး မိုဟာမတ်ကာမရာဇမ်က “၇ နာရီ ၃၄ မိနစ်လောက်မှာ အခင်းဖြစ်ပွားတဲ့အကြောင်းကို ပြည်သူ့ဝန်ထမ်းတဦးက ဖုန်း‌ဆက်အကြောင်းကြားခဲ့တဲ့အတွက် မီးသတ်ဌာန‌ကနေ အဖွဲ့တဖွဲ့ကို အခင်းဖြစ်တဲ့နေရာကို စေလွှတ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက အပျက်အစီးတွေကြားကနေ ပိတ်မိနေတဲ့ မြန်မာအလုပ်သမား ၄ ဦးကို ကယ်ဆယ်ဖို့ ကြိုးစားပါတယ်” လို့ ပြောပါတယ်။

မီးသတ်နဲ့ ကယ်‌ဆယ်ရေးဌာန (JBPM) က K9 ခြေရာခံခွေးနဲ့ လေတပ်သမားတွေကို ကယ်ဆယ်ရေးလုပ်ငန်းမှာ ကူညီနိုင်ဖို့အတွက် ‌မလေးအစိုးရထံမှာ အကူအညီ တောင်းခံပါတယ်။

မလေးရှား မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ တခြား ဒဏ်ရာရတဲ့ မြန်မာနိုင်ငံသား ၄ ဦး ဆေးကုသမှုခံယူနိုင်ဖို့အတွက် ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

Source-Malay Mail

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024