အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စ်တင်တို့ရဲ့ တောင်ကိုရီးယားခရီးစဉ်ဟာ အာရှ-ပစိဖိတ်ဒေသမှာ စစ်ရိပ်စစ်ငွေ့အသစ် အန္တရာယ်ကို ယူဆောင်လာမယ်လို့ မြောက်ကိုရီးယား အစိုးရမီဒီယာ KCNA က နိုဝင်ဘာ ၈ ရက်က ထုတ်လွှင့်ခဲ့ပါတယ်။
အမေရိကန်ရဲ့ နိဂုံးချုပ်ကို အရှိန်မြှင့်နေတဲ့ ပထဝီဝင်နိုင်ငံရေး အကျပ်အတည်း အသစ်ဟာ အာရှ-ပစိဖိတ်ဒေသမှာ ဖန်တီးနိုင်မလားဆိုတာဟာ အမေရိကန်ရဲ့ အပြုအမူအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်လို့ နိုင်ငံတကာရေးရာ မှတ်ချက်ပေးသူတဦးကို ကိုးကားပြီး KCNA က ထုတ်လွှင့်ပါတယ်။
မြောက်ကိုရီးယားရဲ့ ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ စစ်ရေးဆက်ဆံမှုအပေါ် စိုးရိမ်မှုတွေ ကြီးထွားလာချိန်မှာ မဟာမိတ်တွေဟာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်လာကြတာကြောင့် ဘလင်ကန်ဟာ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့အတွက် ဆိုးလ်ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီး အော်စ်တင်ကလည်း အခုသီတင်းပတ်အတွင်းမှာပဲ တောင်ကိုရီးယားကို သွားရောက်မှာဖြစ်ပါတယ်။
မြောက်ကိုရီးယားက ရုရှားနိုင်ငံကို လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ် ဆိုတဲ့အပေါ် အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့က ရှုတ်ချထားချိန်မှာပဲ ဆိုးလ် ခရီးစဉ် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source/Photo-Reuters