Home
နိုင်ငံတကာ
ဂါဇာပန်းခြံရှိ ဥမင်လိုဏ်ခေါင်းကို အစ္စရေးစစ်သားများ ဖျက်ဆီး၊ ဟူသီတပ်ဖွဲ့က အစ္စရေးကို ဒရုန်းဖြင့် တိုက်ခိုက်
DVB
·
November 8, 2023

အစ္စရေးစစ်သားတွေက ဂါဇာရှိ အပန်းဖြေဥယျာဉ်တခုထဲက ပန်းခြံအတွင်းရှိ ဥမင်လိုဏ်ခေါင်းအဝင်ဝတခုကို တွေ့ခဲ့လို့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဟားမတ်စ်တွေရဲ့ ဥမင်တွေဆီကို သွားတဲ့လမ်းလို့ ပြောရင်း ဥမင်ကို ဖျက်ဆီးခဲ့ပုံကို ပြထားတဲ့ ဗီဒီယိုတခုကို အစ္စရေးစစ်တပ်က နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

တခြားဗီဒီယိုတခုမှာ စစ်တပ်က ဂါဇာမှာရှိတဲ့ တက္ကသိုလ်တခုနားက ဥမင်လိုဏ်ခေါင်းတခုကို ဗုံးကြဲခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဂါဇာမြို့ကို ဝိုင်းရံထားတယ်လို့ အစ္စရေးက ပြောထားပြီး အရင်လက နယ်စပ်တလျှောက် အစ္စရေးမြို့တွေကို တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေကို မကြာမီ ချေမှုန်းတိုက်ခိုက်သွားမယ်လို့လည်း အစ္စရေးက ပြောခဲ့ပါတယ်။

ယီမင်နိုင်ငံထဲက ဟူသီတပ်ဖွဲ့က အစ္စရေးကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာလို့ သူတို့က ပြောထားတဲ့ ဗီဒီယိုကို နိုဝင်ဘာ ၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်က အစ္စရေးနိုင်ငံထဲက အကဲဆတ်တဲ့ ပစ်မှတ်တွေကို ချိန်ရွယ်ပြီး မောင်းသူမဲ့ လေယာဉ်တွေ အသုတ်လိုက် ပစ်လွှတ်ခဲ့တယ်လို့ ဟူသီတပ်ဖွဲ့က တီဗီချန်နယ် Al မာစီရာကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဟူသီတွေက ယီမင်နိုင်ငံရဲ့ မြို့တော် ဆာနာက သူတို့ရဲ့ တည်နေရာကနေ မိုင်ပေါင်း ၁,၀၀၀ ကျော်အကွာက အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ထိုးဖောက်ဝင်ရောက်လာခဲ့တာပါ။

ပဋိပက္ခရဲ့ ဒေသတွင်း ဘေးအန္တရာယ်တွေကို မီးမောင်းထိုးပြတဲ့ တိုက်ခိုက်မှုတွေအတွင်း အစ္စရေးဆီကို ဒရုန်းတွေ၊ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024