Home
မြန်မာသတင်း
ထားဝယ်ခရိုင် ဥဩစစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်
DVB
·
November 5, 2023

ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတဲ့ ဥဩစစ်ကြောင်း(ထားဝယ် - ပကဖ) ရဲ့ မွမ်းမံ သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၃ ရက်က ပြုလုပ်ခဲ့တယ်လို့ ထားဝယ် - ပကဖ က နိုဝင်ဘာ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အခမ်းအနားမှာ စစ်ရေးပြတာ၊ အလေးပြုတာ၊ မိန့်ခွန်းပြောတာနဲ့ သစ္စာရေသောက်တာတို့ ပြုလုပ်ခဲ့ကြပြီး ဥဩစစ်ကြောင်းရဲ့ တပ်ဖွဲ့တခုဖြစ်တဲ့ ဥဩဆေးအဖွဲ့ရဲ့ နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် မွမ်းမံသင်တန်းဆင်းပွဲ စစ်ရေးပြအခမ်းအနားမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဥဩဆေးအဖွဲ့ကဆိုပါတယ်။

ဒါ့အပြင် ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထားဝယ်-ပကဖ)ရဲ့ အမှတ်တံဆိပ်ကိုလည်း နိုဝင်ဘာ ၅ ရက်ကစပြီး အရင်က အသုံးပြုနေတဲ့ တံဆိပ်အစား တံဆိပ်အသစ်ကို စတင်အသုံးပြုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ထားဝယ် ပကဖကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၅ ဖွဲ့နဲ့ စတင် ဖွဲ့ခဲ့ပြီး ၂ နှစ် ပြည့်ချိန် မှာ ဒရုန်းတပ်ဖွဲ့၊ ဆေးတပ်ဖွဲ့ စတဲ့ တပ်ဖွဲ့တွေကို ထည့်သွင်း ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ နဲ့ ထားဝယ် ပကဖ တပ်ဖွဲ့ ၅ ခု တို့ စုစည်းပြီး ဥဩစစ်ကြောင်းအဖြစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ဖွဲ့စည်းပြီး ထားဝယ်ခရိုင်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024