ပါလက်စတိုင်းနယ်မြေကို နိုဝင်ဘာ ၄ ရက် နှောင်းပိုင်းမှာ အစ္စရေးက ပြင်းပြင်းထန်ထန် လေကြောင်း တိုက်ခိုက်ခဲ့လို့ ဂါဇာကမ်းမြောင်ရဲ့ ညကောင်းကင်ယံမှာ ဗုံးပေါက်ကွဲသံတွေ အကြီးအကျယ် လွင့်ပျံနေပါတယ်။
ဂါဇာကမ်းမြောင်ကနေ အစ္စရေးနယ်မြေဆီ ဒုံးကျည်တွေနဲ့ ညအချိန်မှာ ပစ်ခတ်နေတာကိုလည်း ရုပ်သံထဲမှာတွေ့ရပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်တဲ့ ဟားမတ်စ်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့လို့ အစ္စရေးက လူ ၁၄၀၀ ကျော် သေဆုံးပါတယ်။
ဟားမတ်စ်တွေက လူ ၂၄၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ သိမ်းပိုက် ပြီးကတည်းက ဝိုင်းရံပိတ်ဆို့ ထားပြီး မြေပြင်ချေမှုန်းရေး စတင်ခဲ့တာပါ။
နယ်မြေအတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို တကမ္ဘာလုံးက သတိပေးနှိုးဆော်ခဲ့ပါတယ်။
အစ္စရေးရဲ့ ထိုးစစ်ကြောင့် ပါလက်စတိုင်း ၉,၄၈၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက စနေနေ့မှာ ပြောပါတယ်။
Source/Photo-Reuters