ဒွန်းနက်စ်ခ်ဒေသ အဗ်ဒီးဗ်ကာမြို့အနီးရှိ ရုရှားသံချပ်ကာယာဉ်တွေကို ယူကရိန်းတပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တဲ့ ဒရုန်းယာဉ် ရိုက်ချက်ကို ယူကရိန်းက နိုဝင်ဘာ ၂ ရက်မှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
ဗီဒီယိုရိုက်ကူးတဲ့ ရက်စွဲနဲ့ တည်နေရာကို ရိုက်တာက လွတ်လွတ်လပ်လပ် အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံ ဒွန်းနက်စ်ခ်မြို့အနီးရှိ အဗ်ဒီးဗ်ကာမြို့ဟာ စစ်ပွဲကာလ တလျှောက် ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် အတော်ကို အပျက်အစီး ခံခဲ့ရပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုတွေ၊ အမြောက်ပစ်ခတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် လတ်တလော ရက်သတ္တပတ်တွေအတွင်း မြေပြင်တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့တာကြောင့် စစ်မဖြစ်ခင်က လူဦးရေ ၃ သောင်းလောက် ရှိခဲ့ရာက အခုတော့ လူပေါင်း ၁၅၀၀ လောက်သာ ကျန်တော့တဲ့အထိ လျော့နည်းသွားပါတယ်။
၂၀၂၃ ခုနှစ်အစောပိုင်းက မြောက်ပိုင်းရှိ ဘာ့ခ်မု မြို့မှာ လုပ်ခဲ့သလို ရုရှားတပ်ဖွဲ့တွေဟာ မြို့ကို ဝိုင်းရံစ ပြုလာတာဖြစ်ပြီး ယူကရိန်းကလည်း အဗ်ဒီးဗ်ကာကို ကာကွယ်မယ် လို့ ကတိပြုထားပေမဲ့ ထောက်ပံ့ရေး အဝင်အထွက်လမ်းကြောင်းတွေမှာ ဖိအားတွေများနေရပါတယ်။
Source/Photo-Reuters