မန်ယူနိုက်တက်အသင်း လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
ယူနိုက်တက်ဟာ လိဂ်ရှုံးထွက်ဖလားမှာ နယူးကာဆယ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးနောက် အဆိုးရွားဆုံးရလဒ်တွေနဲ့ ကြုံတွေ့နေရတာပါ။
၁၉၆၂ ခုနှစ်နောက်ပိုင်း အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုးနဲ့အထက် နှစ်ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့တာဖြစ်သလို ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အိမ်ကွင်း ၁၀ ပွဲမှာ ပထမဆုံးအကြိမ် ၅ ပွဲအထိ ရှုံးပွဲတွေ့ခဲ့တာပါ။
ယူနိုက်တက်အသင်းရဲ့ အခြေအနေက ဆိုးရွားတဲ့နေရာ ရောက်ရှိနေပြီး အဲဒီအတွက် အပြည့်အဝ တာဝန်ယူကြောင်း၊ ပြီးခဲ့တဲ့နှစ်ကလည်း ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထနိုင်ခဲ့တာဖြစ်လို့ အသင်းကို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့ လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဝေဖန်မှုတွေဟာလည်း ကျိုးကြောင်းသင့်လျော် တာကြောင့် နားလည်လက်ခံပြီး ရလဒ် ပြန်လည်ကောင်းမွန်လာဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters