အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပလေ့ရှိတဲ့ ဟောလိုးဝင်း (Halloween) ပွဲတော်ကို နယူးယောက်အပါအဝင် အမေရိကန်မြို့ကြီးတွေ၊ အိုင်ယာလန်နိုင်ငံ ဒါဗလင်အပါအဝင် ဥရောပမြို့ကြီးတွေ၊ တောင်အမေရိကတိုက်က ချီလီနိုင်ငံ ဆန်တီရာဂိုမြို့နဲ့ အာဂျင်တီနားနိုင်ငံ ဗျူးနို့စ်အေရိစ်၊ အာရှတိုက်က ထိုင်းနိုင်ငံ ဘန်ကောက် အပါအဝင် ကမ္ဘာ့မြို့ကြီးတွေမှာ အသီးသီး ကျင်းပခဲ့ပါတယ်။
ဟောလိုးဝင်းပွဲတော်မှာ ကလေးလူကြီးပါမကျန် ထိတ်လန့်စရာ သရဲတစ္ဆေအဝတ်အစားတွေ၊ မိတ်ကပ်အပြင်အဆင်ချယ်သပြီး စီတန်းလှည့်လည်ခဲ့ကြပြီး ပျော်ပွဲရွှင်ပွဲနဲ့ ပါတီပွဲတွေလည်း ကျင်းပခဲ့ ကြပါတယ်။
Photo-Reuters