မက္ကဆီကိုနိုင်ငံရဲ့ ပစိဖိတ်အပန်းဖြေစခန်းမြို့ အကာပါကိုမှာ အောက်တိုဘာ ၂၅ ရက်က အဆင့် ၅ ရှိ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အိုတစ်စ်ရဲ့ ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ပျက်စီး ဆုံးရှုံးသွားခဲ့တဲ့ လူနေအိမ်တွေနဲ့ အဆောက်အဦတွေကို ကောင်းကင် ဒရုန်းရိုက်ချက်ကနေ မြင်တွေ့ရပါတယ်။
ဟာရီကိန်းမုန်တိုင်းဟာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ မြို့ထဲကို ဝင်ရောက်တိုက်ခတ်ခဲ့လို့ ရေကြီး ရေလျှံကာ နေအိမ်တွေ၊ ဟိုတယ်တွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေ ခေါင်မိုးတွေ ပျက်စီးကုန်ပြီး ယာဉ်တွေ ရေအောက် နစ်မြုပ်သွားခဲ့တာပါ။ မုန်းတိုင်းကြောင့် သေဆုံးသူနဲ့ ပျောက်ဆုံးသူ ၁၀၀ လောက်ရှိခဲ့ပြီး ဆက်သွယ်ရေး၊ ကုန်းလမ်းနဲ့ လေကြောင်းလမ်းတွေလည်း ပြတ်တောက်ခဲ့ပါတယ်။
Source/Video-Reuters