နောက်ဆုံးကစားခဲ့တဲ့ ၁၃ ပွဲမှာ သွင်းဂိုး ၁ဂိုးပဲရခဲ့တဲ့ မန်ယူတိုက်စစ်မှူးရက်ရှ်ဖို့ဒ်အပေါ် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ မနှစ်က ရာသီမှာ ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူနိုင်ခဲ့ပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ရုန်းကန်နေရတာပါ။
ရက်ရှ်ဖို့ဒ်ဟာ တစ်ပတ်ကို အခြေခံလုပ်ခ ပေါင် ၃ သိန်းနဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုပြီးနောက်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားတဲ့အပေါ် ဝေဖန်မှုတွေ ကြုံတွေ့နေရပါတယ်။
နည်းပြတန်ဟတ်ဂ်ကတော့ ရက်ရှ်ဖို့ဒ်အပေါ် ယုံကြည်မူထားရှိရမှာဖြစ်ပြီး သွင်းဂိုးတွေအများကြီး ပြန်လည်သွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
Photo - Reuters