ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ပြည်နယ်ရဲ့ မြို့တော်က လေဆိပ်ကို အစ္စရေးဆန့်ကျင်ရေး လူအုပ် အောက်တိုဘာ ၃၀ ရက်က ဝင်ရောက်စီးနင်းမှုဟာ ပြင်ပသြဇာလွှမ်းမိုးမှုရဲ့ ရလဒ်ဖြစ်တယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ပြောလိုက်ပါတယ်။
ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က “မနေ့က မခါချက္ကလာ လေဆိပ်တဝိုက်က အဖြစ်အပျက်တွေဟာ သတင်းအချက်အလက် လွှမ်းမိုးမှု အပါအဝင် ပြင်ပက ဝင်ရောက်စွက်ဖက်မှုရဲ့ ရလဒ်တွေပဲဆိုတာ ကောင်းကောင်းသိပြီး သိသာထင်ရှားပါတယ်” လို့ သတင်းထောက်တွေရဲ့ ဖုန်းခေါ်ဆိုမှုကို ဖြေကြားပါတယ်။
ကော့ကေးဆပ်မြောက်ပိုင်းက မွတ်စလင်အများစု နေထိုင်ရာ ဒေသမှာ လူတွေကို နှိုးဆော်ဖို့ ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ခဲ့ရပြီးသား ဂါဇာက ဆင်းရဲဒုက္ခရောက်နေပုံတွေကို မသမာသူတွေက သုံးခဲ့တယ်လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
အကြမ်းဖက်မှုကို ဘယ်သူက ဖန်တီးခဲ့တာလဲ၊ ဘာကြောင့်လဲဆိုတဲ့အပေါ် ကရင်မလင်ရဲ့ ယုံကြည်ချက်ကို ပဲ့စ်ကို့ဗ်က မဖော်ပြခဲ့ပါဘူး။
အစ္စရေးနိုင်ငံက လေယာဉ်တစင်း ရောက်ရှိလာပြီး မကြာမီ ရာနဲ့ချီတဲ့ အစ္စရေးဆန့်ကျင်ရေးသမားတွေက မခါချက္ကလာလေဆိပ်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူအယောက် ၆၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
Source/Photo-Reuters