Home
မြန်မာသတင်း
ကလေးတောင်ပိုင်းတွင် ကျား၊ မ အခြေပြုမှုနှင့် မျိုးဆက်ပွားသင်တန်းကို  ပို့ချ
DVB
·
October 30, 2023

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းမှာ  ကျား၊ မ အခြေပြု အကြမ်းဖက်မှုနဲ့ မျိုးဆက်ပွားကျန်းမာရေး ပညာပေး သင်တန်းကို ရွာ ၇ ရွာက အခြေခံပညာအထက်တန်းကျောင်းသားကျောင်းသူတွေကို ပို့ချပေးခဲ့တယ်လို့ People's Healthcare Network-Kalay က ထုတ်ပြန်ထားပါတယ်။

ရပ်ရွာအနီးဝန်းကျင်မှာ သက်ငယ်မုဒိန်းမှုတွေ ကြုံလာတာ၊ ကလေးတွေ အများကြီးမွေးကြတာနဲ့  အသက်ငယ်ငယ်နဲ့ အိမ်ထောင် ပြုလာကြတာတွေ တွေ့ရတာတို့ကြောင့် PHN(Kalay)ရဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေက နှစ်ရက်ကြာ သင်ကြားပို့ချ ပေးခဲ့တယ်လို့ ဆိုပါတယ်။

Gender-based violence တွေ ကြုံလာရရင် မျိုသိပ်ခံစားမနေဘဲ ဖွင့်ဟတိုင်ပင်လို့ရတဲ့ ကျနော်တို့ ကျန်းမာရေး အဖွဲ့အစည်း ရှိနေတယ်ဆိုတာ သတင်းစကားပါတာ ဖြစ်တယ်လို့ People's Healthcare Network (Kalay) ရဲ့ တာဝန်ခံဆရာဝန် Dr.Joshua က ဆိုပါတယ်။

မျိုးဆက်ပွား သားဆက်ခြား ပညာပေးကတော့ မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ မဆောင်ရအောင် အသိပညာပေးတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ ဒုတိယအကြိမ်သင်တန်းပေးဖို့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024