Home
နိုင်ငံတကာ
သမ္မတလောင်းနေရာအတွက် ဘိုင်ဒင်ကို ယှဉ်ပြိုင်မည်ဟု မင်နီဆိုးတားအမတ် ဒင်းဖိလစ်ပ်ပြော
DVB
·
October 28, 2023

၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့  သမ္မတလောင်းနေရာအတွက် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်ကို လွှတ်တော်အမတ် ဒင်းဖိလစ်ပ်က အကြိုယှဉ်ပြိုင်မှုအတွင်း စိန်ခေါ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မင်နီဆိုးတားပြည်နယ်ရဲ့ အမတ်တဦးဖြစ်သူ အသက် ၅၄ နှစ်အရွယ် ဖိလစ်ပ်ဟာ ဒီယှဉ်ပြိုင်မှုနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၂၇ ရက်က တရားဝင်ကြေညာဖို့အတွက် မျှော်မှန်းထားကြတာပါ။

ဒါ့အပြင် ဖက်ဒရယ်အဆင့် ရွေးကောက်ခံ ဒီမိုကရက်တစ် အမတ်အနည်းစုထဲမှာ ဖိလစ်ပ် လည်းပါဝင်တာကြောင့်   သမ္မတလောင်းနေရာအတွက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

အသက် ၈၀ အရွယ် ဘိုင်ဒင်ရဲ့  ရွေးကောက်ခံနိုင်စွမ်းကို စိုးရိမ်မိသလို မျိုးဆက်သစ် ခေါင်းဆောင်တွေရဲ့ အချိန်ကျရောက်ပြီ ဖြစ်တယ်လို့လည်း ဖိလစ်ပ်က မှတ်ချက်ပေးပါတယ်။

ဒါပေမဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး ဒီမိုကရက်တွေအကြား ဖိလစ်ပ်အပေါ်   ပြတ်သားတဲ့ ထောက်ခံမှု မရှိတဲ့အပြင် သူ့ရဲ့  ဂုဏ်သတင်းပျံ့နှံ့မှုကလည်း နည်းပါးတာကြောင့် ဘိုင်ဒင်နဲ့ ယှဉ်ပြိုင်နိုင်မယ့်သူ မဟုတ်ဘူးလို့ ရှုမြင်ထားကြပါတယ်။

ဖိလစ်ပ်ဘက် ကတော့ သမ္မတလောင်းအဖြစ် ရွေးကောက်ခံမှုကနေ နုတ်ထွက်ဖို့ကို အကြိမ်ကြိမ် ငြင်းဆန်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024