ဒေါ့မွန်အသင်းနဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး အီဆက်ခ်ဟာ ပွဲစဉ် ၅ ပွဲအထိ လွဲချော်နိုင်တယ်လို့ သိရပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ပွဲချိန် ၁၅ မိနစ်မှာပဲ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာကြောင့် ဝီလ်ဆင်နဲ့ လူစားလဲခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ နယူးကာဆယ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မူလက ပွဲစဉ်အများကြီးကို လွဲချော်ဖို့ မရှိဘူးလို့ မျှော်လင့်ခဲ့ပေမဲ့ ဒဏ်ရာစစ်ဆေး အပြီးမှာ ပွဲစဉ် ၅ ပွဲလောက် အနားယူရဖို့အထိ ဖြစ်လာခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ လာမယ့်တပတ်မှာ ဝုဗ်အသင်းနဲ့ ကစားပြီးနောက် မန်ယူအသင်းနဲ့ လိဂ်ဖလားရှုံးထွက်ပွဲကစားရဖို့ရှိသလို အာဆင်နယ်၊ ဒေါ့မွန်၊ ဘုန်းမောက်အသင်းတွေနဲ့ ဆက်တိုက်ကစားသွားရမှာဖြစ်ပါတယ်။ အီဆက်ခ်ဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၆ ဂိုးသွင်းထားသူ ဖြစ်ပါတယ်။
Photo - Reuters