မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာကို ကာလတိုစာချုပ်နဲ့ ပြန်လည်ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လာမယ့် ဇန်နဝါရီလမှာ အာဖရိက ဖလားပြိုင်ပွဲရှိနေပြီး ကင်မရွန်းဂိုးသမားအိုနာနာ အနေနဲ့ မိခင်နိုင်ငံအသင်းနဲ့ ပူးပေါင်းမယ်ဆိုရင် အမာခံ ဂိုးသမားတစ်ဦး လိုအပ်ချက်ရှိလာနိုင်တာပါ။
ဒီအခြေအနေကြောင့် ဒီဂီယာကို ဇန်နဝါရီလအတွင်းမှာ အသုံးပြုဖို့အတွက် ကာလတိုစာချုပ်နဲ့ ပြန်လည်ခေါ်ဖို့စီစဉ်လာခဲ့တာပါ။
စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က မန်ချက်စတာမြို့မှာ ကော်ဖီဆိုင်တစ်ခုမှာ အသင်းဖော်ဟောင်းတွေနဲ့ လက်ဆုံကျခဲ့ပါသေးတယ်။
ဒီဂီယာဟာ အသင်းသစ်ရှာဖွေဖို့ လုပ်ဆောင်နေချိန်မှာ မန်ယူအသင်းရဲ့ ကာလတိုစာချုပ်နဲ့ ကမ်းလှမ်းချက်အပေါ်လည်း လက်ခံသွားဖိုရှိနေပါတယ်။
Photo - Reuters