Home
နိုင်ငံတကာ
မွမ်ဘိုင်းတွင် မီးခိုးမြူများ ဖုံးလွှမ်းပြီး အသက်ရှူရ ခက်ခဲနေ
DVB
·
October 26, 2023

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော် မွမ်ဘိုင်းမှာ မီးခိုးမြူတွေ ဖုံးလွှမ်းနေလို့ လေထုညစ်ညမ်းနေပြီး  မြို့ခံပြည်သူတွေနဲ့  ကျန်းမာရေးလိုက်စားတဲ့ အပြေးလေ့ကျင့်သူတွေဟာ အသက်ရှူဖို့ အခက်အခဲနဲ့ ကြုံတွေ့နေပါတယ်။

မြို့ရဲ့ ကမ်းနားမှာ လေထုအရည်အသွေး အလွန်ညံ့ဖျင်းနေတာကို သတိပေးထားတဲ့ ဆိုင်းဘုတ်တွေ စိုက်ထူထားပြီး လူတွေ အခန်းထဲမှာနေကြဖို့ အကြံပြုထားပါတယ်။

ရေဖျန်းကားတွေကလည်း လေထဲက ဖုန်မှုန့်တွေ အမှုန်အမွှားတွေကို စွန့်ထုတ်ဖို့ လေထဲကို ရေတွေ ဖျန်းပေးနေကြပါတယ်။

“မီးခိုးမြူတွေ အများကြီးရှိလို့ အသက်ရှူရခက်တယ်” လို့ အပြေးသမား ဂျိုး တရေဂျာက ပြောပါတယ်။

လေထုအရည်အသွေး ညံ့ဖျင်းတာဟာ အိန္ဒိယနိုင်ငံရဲ့ မြို့တွေမှာ ဆက်တိုက်ဖြစ်နေတဲ့ ပြဿနာတရပ်ပါ။

၂၀၁၉ ခုနှစ်မှာ လေထုညစ်ညမ်းမှုကြောင့် နိုင်ငံအတွင်း လူပေါင်း ၁ ဒသမ ၆၇ သန်း သေဆုံးခဲ့ပြီး ဒါဟာ သေဆုံးသူအားလုံးရဲ့ ငါးပုံတပုံ ပမာဏအထိ ရောက်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024