မန်စီးတီးတိုက်စစ်မှူး ဟာလန်းနဲ့ နှိုင်းယှဉ်တာတွေမလုပ်ဖို့ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းက တောင်းဆိုလိုက်ပါတယ်။
ဒိန်းမတ်တိုက်စစ်မှူး ဟွိုက်လန်းနဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းတို့ဟာ စကင်ဒီနေးဗီးယန်းနိုင်ငံတွေက တိုက်စစ်မှူးတွေဖြစ်ကြပြီး သူတို့နှစ်ယောက်ကို နှိုင်းယှဉ်သုံးသပ်တွေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ဟာလန်းဟာ ထူးချွန်တဲ့တိုက်စစ်မှူးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးလို့လည်း ပြောလို့ရတာကြောင့် နှိုင်းယှဉ်ခြင်းမပြုလုပ်ဖို့ တောင်းဆိုကြောင်း ဟွိုက်လန်းက ပြောပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့လည်း တိုးတက်မှုတွေ ရှိလာဦးမှာဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြသနိုင်တဲ့ အချိန်ရောက်မှသာ နှိုင်းယှဉ်သုံးသပ်နိုင်ကြောင်း ဟွိုက်လန်းက ပြောပါတယ်။
ဟွိုက်လန်းဟာ လာမယ့်တစ်ပတ် ပွဲစဉ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး သူ့အတွက် ပထမဆုံး မန်ချက်စတာဒါဘီပွဲစဉ်ကို ယှဉ်ပြိုင်ရမှာပါ။
မန်ချက်စတာဒါဘီတွေမှာ ဝိန်းရွန်းနီရဲ့ နောက်ပြန်ကန်ချက်နဲ့ သွင်းဂိုးကို အမှတ်တရအဖြစ်ဆုံး ဖြစ်ကြောင်း ဟွိုက်လန်းက ပြောသွားပါတယ်။
Photo - Reuters