နယူးကာဆယ်အသင်းဟာ ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ရှိတဲ့ ကွင်းလယ်လူ တိုနယ်လီကိစ္စနဲ့ ပတ်သက်ပြီး အေစီမီလန်ကို တရားစွဲဆိုသွားဖို့ ပြင်ဆင်နေပါတယ်။
အီတလီကွင်းလယ်လူ တိုနယ်လီဟာ အေစီမီလန်အသင်းမှာရှိစဉ်က လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့မှုကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ်ချမှတ် ခံရဖို့ရှိနေတာပါ။
တိုနယ်လီဟာ အသင်းအနိုင်ရရှိမယ့်ဘက်ကနေ လောင်းကြေးထပ်လေ့ရှိတယ်လို့ သတင်းထွက်နေပြီး ပွဲပယ်ပြစ်ဒဏ်ကိုလည်း ကျေနပ်စွာခံယူဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဘက်ကတော့ တိုနယ်လီကို လွန်ခဲ့တဲ့လပိုင်းကမှ ပေါင် ၅၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမဲ့ ကာလရှည်ပွဲပယ်ချမှတ်ခံရတော့မယ့်အပေါ် အေစီမီလန်အသင်းမှာ အပြစ်ရှိတယ်လို့ ယူဆနေတာပါ။
၁၀ လအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် အသင်းအတွက် နစ်နာမှုတွေရှိတာကြောင့် အေစီမီလန်အပေါ် ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ တရားစွဲဆိုပြီး လျော်ကြေးတောင်းဆိုဖို့ နယူးကာဆယ်အသင်းက ပြင်ဆင်နေတာ ဖြစ်ပါတယ်။
Photo - Reuters