Home
မြန်မာသတင်း
နေပြည်တော်တွင် သီတင်းကျွတ် ဂီတဖျော်ဖြေပွဲနှင့် ညဈေးပွဲတော် ကျင်းပမည်
DVB
·
October 25, 2023

သီတင်းကျွတ်အထိမ်းအမှတ်အနေနဲ့ နေပြည်တော်ရှိ ရေပန်းဥယျာဉ်ထဲမှာ နိုင်ငံကျော် အဆိုတော်တွေ ပါဝင်တဲ့ ဂီတဖျော်ဖြေပွဲ  ညဈေးပွဲတော်နဲ့  မီးထွန်းပွဲတွေ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။

အဆိုပါပွဲတော်ကို အောက်တိုဘာ ၂၈ ရက်ကစပြီး ၃၀ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး အဆိုတော် ဖြိုးမြတ်အောင်၊ အိမ့်ချစ်၊ ယွန်းမြတ်သူ အစရှိတဲ့ အဆိုတော်တွေ ပါဝင် ဖျော်ဖြေမယ်လို့ ကြေညာထားပါတယ်။

နေပြည်တော်ဒေသခံတစ်ဦးက “ကြည့်ရတာ စစ်ကောင်စီက တနိုင်ငံလုံးကို ပုံမှန်အတိုင်း စည်ကားနေတယ်ဆိုတာမျိုးဖြစ်အောင် ပုံဖော်နေတာလား မသိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရန်ကုန်မှာ Show ပွဲလုပ်သွားတယ်။ လက်မှတ်တောင် အိမ်အရောက်ပို့စနစ် Door to Door နဲ့ ပို့ပေးတာ ” လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024