Home
နိုင်ငံတကာ
အွန်လိုင်းရာဇဝတ်ဂိုဏ်းသား ၃၈၇ ဦးကို တရုတ် ဖမ်းဆီး
DVB
·
October 25, 2023

တရုတ်နိုင်ငံဟာ အွန်လိုင်းက လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အဓိကအရေးပါတဲ့ အဖွဲ့ဝင်တွေ ၃၈၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး ဝမ်ရှိရှုန်က အောက်တိုဘာ ၂၅ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဆက်သွယ်ရေးနဲ့ ကွန်ရက်ဥပဒေတွေနဲ့အညီ ဥပဒေပြစ်မှုတွေနဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းတာ ရလဒ်ကောင်းတွေ ရှိလာကြောင်းနဲ့ အခုနှစ် ဩဂုတ်လကစတင်ပြီး ဒီလိုအမှုအခင်းတွေနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးရမှု အရေအတွက်ဟာ ၂၄ ရာခိုင်နှုန်းကနေ တနှစ်ထက်တနှစ် လျော့နည်းသွားပြီး ၂၀ ဒသမ ၅ ရာခိုင်နှုန်းထိအောင် ကျဆင်းလာခဲ့ကြောင်းလည်း ဝမ် က ပြောပါတယ်။

စက်တင်ဘာလကုန်အထိ ဂိုဏ်းခေါင်းဆောင်တွေနဲ့ အဓိကအဖွဲ့ဝင်တွေ ၃၈၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တာဟာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ထိုးနှက်လိုက်တာလို့လည်း ဆိုပါတယ်။

ဒေသဆိုင်ရာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဟာ အကြိုသတိပေးနှိုးဆော်မှုဆိုင်ရာ ယန္တရားတခုကို အဆင့်ခွဲခြား သတ်မှတ်ထားပြီးတော့ အဲဒီယန္တရားကို အခုနှစ်စပိုင်းမှာ စတင်ပြီး ပြည်သူသို့ သတိပေးစာ စုစုပေါင်း သန်း ၃၁၀ ကို ထုတ်ပြန်ခဲ့ကြောင်းလည်း ဝမ် က ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မနှစ်က တယ်လီကွန်းနဲ့ ကွန်ရက်ဥပဒေဆိုင်ရာ ပြစ်မှုတွေနဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၄၆၄,၀၀၀ ကို အောင်မြင်စွာ ဖြေရှင်းနိုင်တယ်လို့ သိရပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024