ဖူဟမ်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာ ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေတဲ့ တိုက်စစ်မှူး ဂူယာဆီကို စာချုပ်ဖျက်သိမ်းကြေးပေးပြီး ခေါ်ယူဖို့ စီစဉ်နေပါတယ်။
အာဖရိကနိုင်ငံ ဂီနီအသင်း ကိုယ်စားပြုကစားနေတဲ့ တိုက်စစ်မှူး ဂူယာဆီဟာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၈ ပွဲမှာ ၁၄ ဂိုးအထိ သွင်းယူထားပြီး ဒုတိယနေရာက ဟယ်ရီကိန်းထက် ၅ ဂိုး ပိုသွင်းထားတာပါ။
ဂူယာဆီရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၁၅ သန်းသာရှိတယ်လို့ သိရပြီး ဖူဟမ်အသင်းက စာချုပ်ဖျက်သိမ်းကြေးပေးပြီးခေါ်ယူဖို့ စီစဉ် လာခဲ့တာပါ။
အသက် ၂၇ နှစ်ရှိပြီဖြစ်ပြီး အရပ် ၆ ပေ ၂ လက်ရှိ တိုက်စစ်မှူးဟာ ပြင်သစ်လူငယ်လက် ရွေးစင် အသင်းတွေမှာ ကစားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်ကစတင်ကာ ဂီနီလက်ရွေးစင်အသင်းမှာ ပြောင်းလဲကစားခဲ့ပြီး စုစုပေါင်း ၈ ပွဲမှာ ၂ ဂိုးသွင်းထားပါတယ်။
သူဟာ မနှစ်ကရာသီက ရင်းနက်စ်ကနေ စတုဂတ်အသင်းဆီ အငှားထွက်ကစားရာမှာ ၁၄ ဂိုး သွင်းခဲ့တာကြောင့် အခုနှစ်ရာသီမှာ စတုဂတ် အသင်းက အပြီးသတ် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Photo-Reuters