ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်မှာ အောက်တိုဘာ ၂၂ ရက်က မြန်မာနိုင်ငံသား ၂ ဦး စီးနင်းလာတဲ့ ဆိုင်ကယ်ဟာ ဓာတ်တိုင်ကို ဝင်တိုက်မိတာကြောင့် တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ Siamrath သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၂ ရက် ညနေ ၅ နာရီခွဲလောက်မှာ သတင်းအရ ဘန်ဆာသောင်းရဲစခန်း ရဲတပ်သား တွေနဲ့ဆေးအဖွဲ့တွေက သွားရောက်ကူညီခဲ့ရာ လူ တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒုရဲမှုးကြီး ဆူပတ်ချာသာဝေါင်က ပြောပါတယ်။
ဆိုင်းကယ်မောင်းနှင်လာသူ ၂ ယောက်ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ဆောင်သောင်းခ လန်ဒေသမှ ဝက်ချိုရိတ်ရိုင်ဒေသသို့ မောင်းနှင်နေစဉ် လမ်းဘေးလျှပ်စစ်မီးတိုင်ကို ဝင်တိုက် မိပြီး အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသား တဦးပွဲချင်းပြီး သေဆုံးကာ တဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒုရဲမှူးကြီးဆူပတ်ချာသာဝေါင်က "တဦးက ဦးခေါင်းနဲ့မျက်နှာမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ရှေးဦးသူနာပြုနည်းနဲ့ကုခဲ့ပြီး ဆေးရုံပို့ပေးခဲ့ပါတယ်။ နောက်တဦးက ဦးခေါင်းခွံကွဲပြီး ပွဲချင်း ပြီး သေဆုံးခဲ့ပါတယ်။ ဆိုင်ကယ်က လိုင်စင်မပါသလို အခင်းဖြစ်တဲ့နေရာမှာလည်း ဘီယာ ဘူးခွံ တွေပြန့်ကြဲနေတာကို တွေ့ရတယ်။ မြန်မာနိုင်ငံသားနှစ်ယောက်လုံး အရက်သောက် သုံးတဲ့ လက္ခဏာတွေ့ရပါတယ်" လို့ ပြောပါတယ်။
မြန်မာနိုင်ငံသား နှစ်ဦးဟာ ပါတီပွဲမှ အရက်သောက်ပြီး Honda Click ဆိုင်ကယ်နဲ့ပြန်လာစဉ် အရှိန် မထိန်းနိုင်တာကြောင့် လမ်းဘေးဓာတ်တိုင်ကို ဝင်ရောက်တိုက်ခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ ရှိသူတွေက ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့က သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားရဲ့ ရုပ်အလောင်းကို ခွဲစိတ် စစ်ဆေးဖို့ ဆမက်ပါရာကန်ဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေပါတယ်။
Source/Photo.Siamrath